ကိုအောင်(ပျူနိုင်ငံ) တဂ် လိုက်တဲ့ ဘောလုံးပွဲ ခန့်မှန်း ထင်မြင်ချက် ပိုစ့်ကလေးပါ..၊
ကျွန်တော့် ရဲ့ ထင်မြင်ချက်တွေကို အုပ်စုအလိုက် ပြောရမယ် ဆိုရင်တော့...
အုပ်စု ပတ်လည် အဆင့်
အုပ်စု A မှာ 1 ပြင်သစ်

နဲ့ 2 မက္ကဆီကို

တက်ပါမယ်
အုပ်စု B မှာတော့ 1 အာဂျင်တီးနား

နဲ့ 2 ကိုရီးယား

သို့ နိုင်ဂျီးရီးယား

ပါ (ကိုရီးယားကို မှန်းခြင်းသည် ခြေစွမ်းထက် ကိုယ့်အာရှ အသင်းမို့ အုပ်စုမှ တက်စေခြင် သောကြောင့် ဖြစ်ကြောင်း ဝန်ခံပါသည် :P )
အုပ်စု C မှာတော့ 1 အင်္ဂလန်

နဲ့ 2 ယူအက်စ်အေ

ပါ..
အုပ်စု D မှာတော့ 1 ဂျာမနီ

နဲ့ 2 ဆားဘီးယား

ပါ...
အုပ်စု E မှာတော့ 1 ဟော်လန်

နဲ့ 2 ဒိန်းမတ်

ပါ...
အုပ်စု F မှာတော့ 1 အီတလီ

နဲ့ 2 ပါရာဂွေး

ကို ကြိုက်ပါတယ်...
အုပ်စု G မှာတော့ 1 ဘရာဇီး

နဲ့ 2 ပေါ်တူဂီ

ပေါ့...
အုပ်စု H မှာတော့ 1 စပိန်

နဲ့ 2 ချီလီ

ပါ...
ဒုတိယ အဆင့် ရှုံးထွက်မှာတော့
1 A ပြင်သစ် နဲ့ 2 B ကိုရီးယား သို့မဟုတ် နိုင်ဂျီးရီးယား မှာ ပြင်သစ် တက်ပါမယ်..
1 B အာဂျင်တီးနား နဲ့ 2 A မက္ကဆီကို မှာ အာဂျင်တီးနား တက်ပါမယ်..
1C အင်္ဂလန် နဲ့ 2D ဆားဘီးယား မှာ အင်္ဂလန် တက်ပါမယ်..
1D ဂျာမနီ နဲ့ 2C ယူအက်စ်အေ မှာ ဂျာမနီ တက်ပါမယ်..
1E ဟော်လန် နဲ့ 2F ပါရာဂွေး မှာ ဟော်လန် တက်ပါမယ်..
1F အီတလီ နဲ့ 2E ဒိန်းမတ် မှာ အီတလီ တက်ပါမယ်..
1G ဘရာဇီး နဲ့ 2H ချီလီ မှာ ဘရာဇီး တက်ပါမယ်..
1H စပိန် နဲ့ 2G ပေါ်တူဂီ မှာ ပေါ်တူဂီ တက်ပါမယ်..
ကွာတားဖိုင်နယ် အဆင့်မှာတော့..
ပြင်သစ် နဲ့ အင်္ဂလန် မှာ အင်္ဂလန် ဆီမီးဖိုင်နယ် တက်ပါမယ်..
ဟော်လန် နဲ့ ဘရာဇီး မှာ ဘရာဇီး ဆီမီးဖိုင်နယ် တက်ပါမယ်..
အာဂျင်တီးနား နဲ့ ဂျာမနီ မှာ ဂျာမနီ ဆီမီးဖိုင်နယ် တက်ပါမယ်..
အီတလီ နဲ့ ပေါ်တူဂီ မှာ အီတလီ ဆီမီးဖိုင်နယ် တက်ပါမယ်..
ဆီမီးဖိုင်နယ် အဆင့်မှာတော့ ..
အင်္ဂလန် နဲ့ ဘရာဇီး မှာ ဘရာဇီး ဖိုင်နယ် တက်ပါမယ်..
ဂျာမနီ နဲ့ အီတလီ မှာ ဂျာမနီ ဖိုင်နယ် တက်ပါမယ်..
ဗိုလ်လုပွဲ အဆင့်မှာတော့..
ဘရာဇီး နဲ့ ဂျာမနီ မှာ ဘရာဇီး ဗိုလ်စွဲ ပါလိမ့်မယ်..(ကျွန်တော် ဂျာမနီကို ဗိုလ်စွဲစေချင်ပါတယ် ဒါပေမယ့် အသင်းသားတွေ ရဲ့ ဒဏ်ရာရ လူစာရင်းတွေ တိုးလာတဲ့ အတွက် ဂျာမနီကို ချန်ပီယံ မပေးနိုင်ဘူး ဖြစ်နေပါတယ်..။)
တတိယ နေရာ လုပွဲမှာတော့..
အင်္ဂလန် နဲ့ အီတလီ မှာ အင်္ဂလန် တတိယ ရပါလိမ့်မယ်..
အောက်မှာ ကျွန်တော့်ရဲ့ ထင်မြင်ချက် ဘောလုံးပွဲ ဇယားလေးပါ..၊
ဒါလေးတွေလဲ ရှိသေးတယ်
မောင်မျိုး says:
အင်ဂလန် ဗိုလ်စွဲပါမယ်း)
လင်းထက် says:
အော်ဟော် အကိုကြီးဆီ လာဖို့ သတိရသေးသကိုး :(
လင်းဦး(စိတ်ပညာ) says:
အဟဲ... ဘရာဇီး ရမယ်ထင်တယ်ပေါ့.... မှန်းချက်တွေကတော့ မိုက်သဗျ..
အဆင်ပြေပါစေ
ကိုအောင်(ပျူနိုင်ငံ) says:
ဂျာမနီနဲ့ ဘရာဇီးလ် တွေ့ခဲ့ရင် ဘရာဇီးလ် ဗိုလ်ဆွဲမယ်လို့ လင်းထက်ပြောတယ် ဆိုပြီး လင်းထက်အိမ်နံဘေးက ဂျာမန် ကလေးပေါက်စနတွေကို လှမ်းပြောလိုက်ရမလား ...း)
ကျေးဇူးကမ္ဘာပါ လင်းထက်ရေ။
လင်းထက် says:
အဲဂလို တော့ မရက်စက် နဲ့လေ ကိုအောင်ရဲ့ ဟီး ဟီး ...
ဒါပေမယ့် ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါဘူး ဂျာမန်တွေ ကိုယ်တိုင်လဲ သူတို့ အသင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရ စာရင်းတွေ တိုးလာလို့ ဖလားရမယ်လို့ ဘယ်သူမှ မထင်ရဲကြတော့ဘူး..။
sait phay yar says:
ဘယ်သူနိုင်နိုင်ပေါ့...