အကိုးအကားနှင့်တကွ ရေတံခွန်ဆိုလဲ ရေတံခွန်ပေါ့ အသိအမှတ်ပြုရတယ် ဖိနပ်အပြင် ထွက်
နေတဲ့ အနားသား လှီးပစ်လိုက် သူ့အမြင် သူ့အတွေးပါ လှီးပစ်လိုက် သူ့အတွေးအခေါ်တွေပါ
လှီးဖြတ် သုတ်သင်ပြီးစီးသွားတဲ့အခါ ဟစ်တလာ ဆိုတဲ့ အမည်ဟာလဲ ဘာမှ မထူးဆန်းတော့ပဲ
သူလိုကိုယ်လို ဈေးထဲမှာ လ္ဘက်ရည်ဆိုင်မှာ လမ်းထိပ်ကွမ်းရာဆိုင်မှာ အလွယ်တကူ တွေ့နိုင်သလို
မျိုး တွေ့နိုင်တော့တယ် ပို့စ်ကဒ်မှာ နည်းနည်းနွဲ့အောင် စာသား မြန်မာလို ရေးချင်သေးတယ် ရွှံ့လို
စေးကပ်ပြီး လိုရာပုံသွင်းနိုင်ပြီး မလိုလားအပ်တဲ့ အခြား ဘေးထွက်ဆိုးကျိုးတွေလို့ လူဝါး ဝ စကား
ပြောလုအံ့ဆဲဆဲ နေလုံးကြီးလဲ ဝင်လုအံ့ဆဲဆဲ ပြတ်ထွက်ဘို့ ဘေးကျပ်နံကျပ်တွေ ဝင်လုဆဲဆဲ နေ့က
ည ကို ပြန်ဖြားယောင်းဖို့ ပျားဖယောင်းလဲ အဆင်သင့် မဖြစ်နိုင်သေးခင် ဖြားယောင်းမှုကိုယ်တိုင်က
ဝင်လုဆဲဆဲ နေရောင်မှာ ပြောင်လက်ဖို့ အဆင်သင့် မဖြစ်သေးခင် ပျားဖယောင်းကို ဖြားယောင်းတာ
မျိုး နောက်ထပ်တစ်ခါ အသစ်အသစ်သော ရေတံခွန် အသစ်အသစ်သော အနားသား လှီးဖြတ်ခြင်း
ကိစ္စ အတွေးအခေါ် အဘိဓမ္မာများ အောင်မြင်ထိရောက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး အကျိုး
ပေး မပေး အကျိုးပြုမပြု လက်ကိုင်အိတ်ပေါ်မှာ မပီဝိုးဝါး ရေးသွင်းထားတဲ့ စာသား ကိစ္စမရှိဘူး ဘာကိစ္စ
မှ မရှိဘူး စာလုံးပေါင်းသတ်ပုံကလွဲလို့ သိက္ခာကျစရာလဲ ဖတ်ကြည့်လေ ပုဝါစကို ပုခုန်းစောင်းမှာ တင်
လေ သွေးပေနေတဲ့ ဓါးကို လက်နှီးနဲ့သုတ်လေ သုတ်ကနဲ ငါးမျှားကိုင်းတန်ကိုဆွဲတင်လိုက်တော့ မြက်ဖုတ်
ရေးသွင်းထားတဲ့ စာသား ရေထဲကငါးကိုမျှ မဖြားယောင်းနိုင် ရေတံခွန် ဘေးကျပ်နံကျပ် နံရိုးအောင့်နေတယ်
အထိုင်အထ ခက်တယ် လက်စသပ်တော့ ပိတ်သ(ပိဿာ)လေးနဲ့ ဘေးပစ်ခံရတာကိုး အင်္ဂလိပ်လို မှတ်သား
ထားတာ စာရွက်ဝါကျင် မပီဝိုးဝါး ငယ်ရုပ် နောက်တရွက် ထပ်လှန်လိုက်လျင်။ ။
ခင်အောင်အေး
၂၅၊ ဇွန်၊ ၂၀၁၀
Read more