နေ့ဆို ကမ်းမမြင်လမ်းမမြင်
နေသွားပုံကိုကြည့်၍သာ လမ်းရှာရ
ညဆို ကြယ်ပွင့်ကလေးတွေ ကြည့်ကာ
တွက်ချက်ကာ လသာ တဲ့အခါအခိုက်တွေလဲ ရှိ
မီးပြတိုက် တစ်ခုတစ်လေတွေ့နိုး
ပင်လယ်ထဲ လမ်းပျောက်နေတဲ့ အခါများ အားကိုးတကြီးနဲ့
ဟော ဟိုက ပျပျမှုန်မှုန် မှိတ်တုတ်မှိတ်တုတ်
မီးပြတိုက်တခုလား..သေးရာမှ ကြီးလာ..နီးလာ..
ကြည့်နေရင်း မီးပြတိုက်ဟာ ရုတ်တရက်
မြင်ကွင်းထဲက ပျောက်သွား နတ်ဖွက်သွားတာလို
ပင်လယ်မှောက်တာလို စိတ်ကယောက်ကယက်များ…
သွေးလေ ခြောက်ခြား မျက်စေ့မှားတာလား
မီးပြတိုက်တခုကို တကယ်တွေ့ခဲ့တာလား။ ။
ခင်အောင်အေး
၂၂၊ ဧပြီ၊ ၂၀၁၁ ဘန်ကောက် ၁၁း၁၂ နာရီ
ဒါလေးတွေလဲ ရှိသေးတယ်
မိုးယံ says:
မီးပြတိုက် တစ်ခုသာ ဖြစ်ခဲ့ပါစေ။
အဖြူရောင်နတ်သမီး says:
စိတ်တွေချောက်ခြား..
မျက်စိမှောက်မှား...
အတွေးတွေက ဝိုးတိုးဝါးတား..
“မီးပြတိုက်”တစ်ခုလေလား...။
ကဗျာလေး ဖြည့်စွက်ကြည့်သွားတယ် အကိုရေ..။
ရွှင်လန်းချမ်းမြေ့ပါစေရှင်..။
အဖြူရောင်နတ်သမီး says:
.
jasmine(တောင်ကြီး) says:
မီးပြတိုက်ပါပဲ