ပင်လယ်ကိုမြင်ရဖို့ပဲ
လိုင်းတွေထဲ အပြာရောင်တွေ ထုနဲ့ထည်နဲ့ တဖြည်းဖြည်း ပြန့်ကား
ဖျော့တော့သွား နိမ့်မြင့်လှုပ်ရှားပုံ လှိုင်းခေါင်းဖြူဖွေးပုံ ရိပ်ကနဲ တောင်ကွေ့လမ်း
ကလေးကနေ ကားခေါင်းအတည်မှာ ဘွားကနဲ ရင်ဆိုင်တွေ့လိုက်ရတယ်
အဲဒါကို မြင်ရဖို့ တစ်လျှောက်လုံး လာခဲ့ရတာ
ဒီလိုနဲ့ အသက်ရှင်ခဲ့တယ်
မွေးနေ့ရယ်လို့ ကိန်းဂဏန်းတွဲ တစ်ခုရှိမယ် ic ဒါမှမဟုတ် id ကိုင်ဆောင်ဖို့ အသုံးတည့်
ပြီး မပြီးဆုံးနိုင်အောင် ရင်ဆိုင်ရမှုများ challenge လို့ စကားလုံးသုံးနှုန်းတယ် come -
on ဆက်သွားရုံပဲ ပွတ်တိုက်မှု အစဉ်တန်းအရ ထုတ်လုပ်/ထွက်ရှိလာမှု ကုန်ပစ္စည်းနှယ် ဒါ
ပေမယ့် သွေးနဲ့ကိုယ်သားနဲ့ကိုယ်လို့ သူ့ကိုယ်ရေးရာဇ၀င်မှာ လိပ်ပြာသန့်သန့်ရေးဖြည့်ထားမယ်
ပြန်လာဖို့ထွက်သွားသူတွေလည်းမဟုတ်တော့
မထွက်ခင်ကတည်းက ပြန်ချင်နေပြီးသား ရွှံ့တွေလို အရောအနှော ရွေးမရအောင်တူရ ငါကခါး
လည်း နောက်ထပ် အခါးများ ယာဉ်ရထားမှန်သမျှ အလိုတူအလိုပါ ရွေ့ကောင်းရွေ့နေမယ် ပို့ကောင်း
ပို့နေမယ် ဟိုဘက်စည်းနဲ့ ဒီဘက်စည်းကြားမှာ မမြင်ရတဲ့ magic rope ဘ၀ခြားနယ်နိမိတ်မျဉ်း အထူ
အပါး ဒီနားမှာလိုလို ဟိုနားမှာလေလား ပြန်လာတာလား ထွက်သွားတာလား ဟုတ်/မဟုတ်တော့..
၁၉၉၂မှာ
ပင်လယ်ရဲ့သမိုင်းကို စရေးကြတယ် ‘ပထမ’ လို့စလိုက်တယ် နောက် ‘တောင်တန်းများ’ ဆီ ညွတ်လိုက်သေး
ပေမယ့် နောက်ဆုံးတော့ ‘ပင်လယ်’ ပဲ ဆလိုင်းရမ်လိန်မှုန်း (ပလိန်ဆိုတော့ ပင်လယ်ပေါ့) ဒီလိုလဲ ကာရန်သင့်
နေသေးကာ ဇေယျာလင်း၊အောင်ဝင်း၊ခင်အောင်အေး၊ကေမြိုးနဲ့စစ်တင်၊လှကို ဘ၀ထိုထိုများ မလွှဲမရှောင်သာ
ဖော်ပြရတဲ့ နာမ်များ(ကိုယ်ပိုင်နာမ်များ) မျှသာ
အဖေ့ရဲ.မိတ်ဆွေ
(ဆလိုင်းမန် ပြောသလို)
ခင်အောင်အေး ၊ ပင်လယ်မှာကျန်ရစ်သူကြီး
ဒါပဲ။ ။
ခင်အောင်အေး
၁၂၊ အောက်တိုဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၂၃း၅၄ နာရီ
(ဒီနေ့ လန်ဒန်မြို့ အော့စ်ဖန် စာအုပ်တိုက်က ကြီးမှူးတဲ့ ကဗျာရွတ်ပွဲမှာ အမေရိကန်ကဗျာဆရာ
၂ ယောက် ဗြိတိန်ကဗျာဆရာ ၂ ယောက်နဲ့အတူ စိတ်လှုပ်ရှားစွာ ကဗျာရွတ်ပြီး ပြန်အလာမှာ
ချင်းအမျိုးသမီး ကဗျာဆရာမအိုင်းဒီးရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ကိုယ်တို့က ပလိန်လို့ခေါ်တဲ့
သူငယ်ချင်းရဲဘော် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်းရမ်လိန်မှုန်း ရဲ့သား ဆလိုင်းမန်ရဲ့ ကဗျာလေးကို
တွေ့ရာမှ မမြော်လင့်ပဲ ကဗျာသွေးကြွကာ ရေးမိသောကဗျာအားချစ်ခင်စိတ်ဖြင့် အမှတ်တရ
တုံ့ပြန်ဖော်ပြဖြစ်ပါသည်။
“တမလွန်ဘ၀က သူငယ်ချင်း.. ကဗျာ ၂ ပုဒ်လုံးကို ကြားယောင်စေသော်ဝ်…”
ဆလိုင်းမန်ရဲ့ကဗျာ
ဒါလေးတွေလဲ ရှိသေးတယ်
မေသိမ့်သိမ့် ကျော် says:
ကဗျာလေးကို နှစ်သက်မိတယ်။ ပင်လယ်ကိုတော့ချစ်တယ်။
ခင်တဲ့
မေသိမ့်
ုkoko says:
တကယ်ကိုတိုင်ကိုကြ ခံစားမိတဲ့ ကဗျာတပုဒ်အလား my butterflykoko ခံစားမိတယ်ဗျာ thank you